August 12, 2008 by kohteik

ဘလော့ဒေး အထိမ်းအမှတ်နဲ့ မန္တလေးမှာ ဘလော့ကာများစုပြီး မိတ်ဆုံစားပွဲလေးတစ်ခု
ကျင်းပဖို့ စီစဉ်နေကြောင်း
မရတနာချိုနဲ့ ဆြာဘတို့ထံက ကြားသိရလို့ အထူးဝမ်းသာမိပါတယ်။
မနှစ်ကလိုပဲ ဆိုက်ဘာကဖေးများမှာ ဘလော့ဒေး အထိမ်းအမှတ်
ဘလော့တည်ဆောက်နည်းများ အခမဲ့ လိုက်လံ သင်ကြားပေးခြင်း၊ ဟောပြောဆွေးနွေးခြင်းများ
ဆောင်ရွက်နိုင်ဖို့လဲ ကြိုးစားနေကြပါတယ်။
မန္တလေးက ဆိုက်ဘာကဖေးများကလဲ ပူးပေါင်းပါဝင်စေချင်ပါတယ်။
ဘလော့ကို တရားဝင် မကျော်မခွပဲ တင်လို့ရတဲ့ ဆိုဒ်များကနေ သရုပ်ပြသွားဖို့
စီစဉ်နေပါတယ်။
ဘလော့စပေါ့တော့ မပြနိုင်တော့ဘူးပေါ့ဗျာ . . .
ဘာဖြစ်ဖြစ် ဘလော့ဒေး အထိမ်းအမှတ်လေး ကျင်းပနိုင်မယ်ဆိုရင်
ဝမ်းသာကျေနပ်မိပါကြောင်း . . .
Posted in Uncategorized | Leave a Comment »
August 11, 2008 by kohteik
ဘလော့ဒေးလဲနီးပြီလေ
ဒီတော့ ဘလော့ကို လူတိုင်းကြည့်ရအောင်လို့
တိုးချဲ့နေပါတယ်
အမှန်ကတော့ ဒိုမိန်းလေး ၀ယ်နိုင်ရင် ကောင်းတာပေါ့
မ၀ယ်နိုင်သေးတော့လဲ
အဆင်ပြေရာ ပြောင်းနေရတယ်။
http://uhteik.multiply.com/
မှာလဲ ကျွန်တော့် ဘလော့ကို ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ . . .
Posted in Uncategorized | Leave a Comment »
August 9, 2008 by kohteik
ကနေ့ တောင်ပြုံးပွဲတော် အစနေ့ပါ
မနေ့ ရထားပေါ်မှာ တောင်ပြုံးပွဲတော်သွား
မမ များကို တစီတတန်းကြီးတွေ့လိုက်ရပါသေးတယ် . . .
တစ်ယောက်နဲ့တစ်ယောက် ဘန်းစကားတွေသုံးလို့ ရထားပေါ် ဟိုတွဲကူး ဒီတွဲကူးနဲ့
မိန်းကလေးလား ထင်မှတ်ရတဲ့သူ နှစ်ယောက်သုံးယောက်တောင် တွေ့လိုက်ရပါသေးတယ် . . .
ဧရာဝတီတိုင်းဘက်က တောင်ပြုံးပွဲတော် မလာနိုင်လို့ စည်ကားမှု နည်းမယ်လို့ တချို့က ဆိုပါတယ်။
ဒါပေမယ့် . . .
ပွဲတော်အခြေအနေကတော့ စည်ကားမြဲ စည်ကားမယ်ထင်ပါတယ်
မြန်မာလူမျိုးတွေဟာ ပျော်တတ်တဲ့လူမျိုးတွေပါ
ဘေးဒုက္ခထဲမှာ နစ်မွန်းမနေပဲ
ရအောင် ရုန်းထွက်ပြီး
ဘ၀ကို ရင်ဆိုင်ကြမှာပါ . . .
ဘာဖြစ်ဖြစ် ဒီနှစ်လဲ တောင်ပြုံးပွဲ သွားဖြစ်ဦးမလား မသိ . . .
လကွယ်နေ့ ပြီးမယ့်ပွဲဆိုတော့ ၈ရက်အတွင်း ရောက်ဖြစ်ရင်တော့ ဓာတ်ပုံလေး ဘာလေး တင်မယ်ဗျာ . .
Posted in Uncategorized | Leave a Comment »